STRATEGY FIRST INSTITUTE
၂၀၁၈ ဇူလိုင်။ သြဂုတ်လ တို့တွင် UK ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်မည်။
  • တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
  • တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ အမှတ် (၆၀) မပြည့်ပါက IELTS band (5.5) ကို ရရှိအောင် ဖြေဆိုရမည်။
  • ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။
  • ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများကိုသာ လက်ခံပေးသွားမည်ဖြစ်သည်။
HNC HND  အပြီးတွင်စီးပွား
 ရေးဘွဲ့အတွက်ဆက်လက်တက်
ရောက်နိုင်သော တက္ကသိုလ်များ
Birmingham City University, UK
De Montfort University, UK
Kingston University, London, UK
London Metropolitan University, UK
Nottingham Trent University, UK
Oxford Brookes University, UK
Plymouth University, UK
University of Northampton, UK
University of Central Lancashire, UK
University of Wolverhampton, UK
University of Worcester, UK
Westminster Business School, UK
Glasgow Caledonian University, UK
Bangor University, UK
Southern Cross University, Australia
OBU Pathway Programme – First Year
၂၀၁၈ စက်တင်ဘာလ တွင် အတန်းသစ်စမည်။
Business and Management Bachelor Programme ကို Foundation (3) Months ၊ Level 4 – 1 နှစ် ၊ Level 5 – 1 နှစ် နှင့် Final Year – 1 year တက်ရောက်ရမှာဖြစ်ပြီး ကျောင်းသားကျောင်းသူများအနေနဲ့ စုစုပေါင်း (3)နှစ်ခွဲခန့် UK နိုင်ငံ Oxford Brookes University မှ တိုက်ရိုက်ပေးအပ်တဲ့ ဘွဲ့ကို ရရှိမှာပဲဖြစ်ပါတယ်။
Foundation ကာလ သုံးလမှာဆို Uk နိုင်ငံမှ ဘွဲ့ဖြစ်တဲ့အတွက် အင်္ဂလိပ်စာကောင်းဖို့လိုတာကြောင့် Four Skills in English, Learning Skills and Academic Writing စတဲ့ကျောင်းသား/သူ များအတွက် လိုအပ်တဲ့ Skills တွေအပြင် Assignment တင်ရာမှာ မဖြစ်ရမနေသိရမယ့်Computerနှင့်ပတ်သက်သည့် အခြေခံသင်ခန်းစာများ Business Management နှင့်ပတ်သက်သည့် အခြေခံသင်ခန်းစာများကိုသင်ကြားပေးမှာဖြစ်ပါတယ်။ Foundation ကာလသုံးလပြီးသွားရင် တော့ HNC ပထမနှစ် ကို စတင်တက်ရောက်ရမှာဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူများအနေနဲ့ Strategy First တွင် ပင် သုံးနှစ်လုံးစရိတ်သက်သာစွာဖြင့် မိဘနဲ့မခွဲပဲ တက်ရောက်နိုင်မည်ဖြစ်ပြီး BA(Hons) Business and Management Bachelor ဘွဲ့ကို Uk နိုင်ငံ Oxford Brookes University မှာကျင်းပတဲ့ Graduation Ceremony တွင် တက်ရောက်ရယူခွင့်ရရှိမှာဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူများအတွက် စာသင်ချိန်အတွင်း သင်ကြားခဲ့သော သင်ခန်းစာများနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိခဲ့လျှင်လည်း စာသင်ချိန်ပြင်ပတွင် ပြန်လည်မေးမြန်းဆွေးနွေးနိုင်ရန် Academic Support Team ကိုထားရှိပေးတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများ မိဘများအနေနဲ့ သင်ကြားမှုပိုင်းအတွက် လည်းစိတ်ချထားနိုင်မှာဖြစ်ပါတယ်။
Pearson BTEC Level 4
Higher National Certificate in Business
တွင်သင်ကြားရမယ့် ဘာသာရပ်များ
1.Business and the Business Environment
2.Marketing Essentials
3.Human Resource Management
4.Management and Operations
5.Management Accounting
6.Managing a Successful Business Project (Pearson-set Assessment)
7.Financial Accounting
8.Entrepreneurship and Small Business Management
Scholarship Programmes
သင်တန်းကြေးများကို AYA Bank ၏ Credit Card ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Credit Card ဖြင့်ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကိုလည်း လျှော့ပေးသွားမည်ဖြစ်သည်။
သင်တန်းကြေးများကို AYA Bank ၏ Education loan ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Education loan ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကို လည်း လျှော့ပေးသွားမည်ဖြစ်သည်။
AYA Education Loan ဖြင့် သင်တန်းကြေးပေးသွင်းပါက ကနဦးအနေဖြင့် ၅၃၆,၀၀၀ ကျပ်ကို ပေးသွင်းရ   မည်ဖြစ်ပြီး တစ်လလျှင် ၁၉၂,၀၀၀ ကျပ်ဖြင့် ၁၂ လတိတိ ပေးသွင်းရမည်ဖြစ်သည်။
ဂုဏ်ထူးအလိုက် ၇၅% အထိချီးမြှင့်မည့် Scholarship အစီအစဉ်
ပထမနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲနှင့် IGCSE စာမေးပွဲတွင် ဂုဏ်ထူးရသည့်ဘာသာရပ် အရေအတွက်အလိုက် Scholarship ချီးမြှင့်ပေးတဲ့အစီအစဉ်တွေရှိပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲနှင့် IGCSE စာမေးပွဲမှာဘာသာစုံဂုဏ်ထူးထွက်ထားတဲ့သူတွေအတွက် ဆို ကျပ်သိန်း (၂၀) အထိ Scholarship Discount ခံစားခွင့်တွေရှိပါသည်။  ဒါ့အပြင် UK အသိအမှတ်ပြု ဘွဲ့ဖြစ်တဲ့အတွက် အင်္ဂလိပ်စာကောင်းဖို့လိုတာကြောင့် အင်္ဂလိပ်စာ အမှတ် ၆၀ နှင့် အထက် ဆို ၂၀၀,၀၀၀ ကျပ် Scholarship Discount နဲ့ ဂုဏ်ထူး ၁ ဘာသာ - ၂၀၀,၀၀၀ ကျပ်
ဂုဏ်ထူး ၂ ဘာသာ - ၄၀၀,၀၀၀ ကျပ်
ဂုဏ်ထူး ၃ ဘာသာ - ၆၀၀,၀၀၀ ကျပ်
ဂုဏ်ထူး ၄ ဘာသာ - ၈၀၀,၀၀၀ ကျပ်
ဂုဏ်ထူး ၅ ဘာသာ - ၁,၅၀၀,၀၀၀ ကျပ်
ဂုဏ်ထူး ၆ ဘာသာ - ၂,၀၀၀,၀၀၀ ကျပ် စတဲ့ scholarship discount တွေလဲပေးသွားမည်ဖြစ်သည်။
Cash down သွင်းတဲ့သူတွေအတွက် ၁၀% Discount လျှော့ပေးဦးမှာပါ။ •သင်တန်းကြေးကရော ဘယ်လောက်လဲ?
ပထမနှစ်အတွက် သင်တန်းကြေးက- ၃၅ သိန်း ၇ သောင်း ၅ထောင်
စာမေးပွဲကြေး - ၂၅၉ ပေါင်  
ဒုတိယနှစ်အတွက် သင်တန်းကြေး:က- ၃၈ သိန်း ၇ သောင်း ၅ထောင် |စာမေးပွဲကြေး - ပေါင် ၃၈၀ ပါ။
ဒုတိယနှစ်အတွက် သင်တန်းကြေး Scholarship ကို တော့ပထမနှစ်တွင် ရရှိခဲ့သော အမှတ်များ နှင့် ကျောင်းတွင်းCertificate များရရှိမှုအပေါ် အခြေခံပြီးပေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံးနှစ်သင်တန်းကြေး ကတော့ ၁၀၅သိန်း ပါ။ နောက်ဆုံးနှစ်အတွက် သင်တန်းကြေးScholarship ကို တော့ပထမနှစ်နှင့် ဒုတိယနှစ်တွင်ရရှိခဲ့သော အမှတ်များ နှင့် ကျောင်းတွင်း Certificateများ ရရှိမှုအပေါ် အခြေခံပြီးပေးသွားမှာဖြစ်ပါသည်။