STRATEGY FIRST INSTITUTE

၂၀၁၈ ဇူလိုင်။ သြဂုတ်လ တို့တွင် UK ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်မည်။

MSc Construction Project Management
၂၀၁၈ စက်တင်ဘာလတွင် အတန်းခွဲသစ်စမည်။ 

                                       Strategy First နှင့် Heriot-Watt University တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် MSc Construction Project Management ကို ပထမဦးဆုံး ဖွင့်လှစ်ရန် သဘောတူညီမှုရရှိ Heriot-Watt University ကို ၁၈၂၁ ခုနှစ်တွင် UK နိုင်ငံ၊ Scotland ရှိ Edinburgh မြို့တွင် စတင်တည်ထောင်ခဲ့ပြီး UK တွင် န၀မမြောက် သက်တမ်းအရှည်ကြာဆုံး အဆင့်မြင့်ပညာ အဖွဲ့အစည်း ဖြစ်ပါသည်။ The Complete University Guide 2019 ranking အရ UK အဆင့် 35 ရှိပြီး QS World's University Rankings 2019 အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် အဆင့် ၃၀၂ ရရှိထားသော တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။


                                       Heriot-Watt University သည် 2005 ခုနှစ်တွင် ဒူဘိုင်း နှင့် 2014 ခုနှစ်တွင် မလေးရှားနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် Campus ၅ ခုထိ ဖွင့်လှစ်ထားပြီး နိုင်ငံပေါင်း ၁၅၀ တွင်လည်း ပူးပေါင်းဆောင်ရွက် ကာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါသည်။ Heriot-Watt University သည် 2015 ခုနှစ်တွင် Queen’s Anniversary Prize ကို တတိယအကြိမ်မြောက် ထပ်မံချီးမြှင်ခြင်း ခံရသော တက္ကသိုလ်ဖြစ်ပါသည်။ ထို့အပြင် Heriot-Watt University သည် ယခုလာမည့် ၂၀၂၁ ခုနှစ်တွင် နှစ်ပေါင်း 200 တိုင် ရှိတော့မည် ဖြစ်ပါသည်။


                                     UK နိုင်ငံ Heriot - Watt University, Edinburgh Business School မှ MBA (General), MBA (Finance), MBA (Marketing), MBA(HRM) နှင့် MSc Programmes များကို ၂၀၁၆ ခုနှစ် မေလတွင် Strategy First Institute မှတရားဝင်အသိအမှတ်ပြု မိတ်ဖက်အဖြစ် ယူဆောင်လာခဲ့ပြီဖြစ်ပြီး ၂၀၁၇ ဖေဖော်ဝါရီလတွင် Strategy First Institute သည် Approved Learning Partner ဖြစ်လာခဲ့ပါတယ်။ ယခုအခါတွင် လည်း Strategy First နှင့် Heriot-Watt University တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် MSc Construction Project Management ကို ပထမဦးဆုံး ဖွင့်လှစ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။


                                   Construction လုပ်ငန်းပိုင်းတွင် ဆောက်လုပ်ရေး စီမံကိန်းများကို သေသေချာချာ စီမံအုပ်ချုပ်လိုသောသူများ အတွက် သီအိုရီ နည်းစနစ်များ နှင့် လက်တွေ့အသုံးချ နိုင်မယ့် ပညာရပ်များကိုသင်ကြားပေးမည့် MSc Construction Project Management ကို မကြာခင်မှာ Strategy First မှာ တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။


                                  MSc in Construction Project Management မှာ သင်ကြားပေးမယ့် management, procurement နဲ့ technology နည်းပညာပိုင်း ဆက်နွယ်နေတဲ့ ဘာသာရပ်များ ဟာ ၊ စီမံခန့်ခွဲမှုနည်းစနစ်များကို သင်ကြားပေးပြီး ဆောက်လုပ်ရေး နယ်ပယ်တွင်လည်း အဓိကကျပြီး လိုအပ်တဲ့ အရည်အသွေးများကို သင်ကြားပေးမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေး Project တစ်ခု ကို အစ အလယ် အဆုံး စီမံခန့်ခွဲပုံ၊ကိုင်တွယ်ပုံ၊ဒီဇိုင်းဆွဲခြင်း နှင့်အကောင်းဆုံးနဲ့ ရလဒ်အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ရန် သိသင့်သိထိုက်တဲ့ ပညာရပ်များကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။


Core Subjects

  • Project Management: Theory and Practice
  • Project Management: Strategic Issues
  • Value and Risk Management
  • Construction Financial Management
  • Contracts and Procurement
  • People and Organisation Management in the Built Environment
  • Research Dissertation

သင်တန်းကြေးများကို AYA Bank ၏ Education Loan လျှောက်ထား၍ အရစ်ကျ
ပေးချေနိုင်ပါသည်။
Optional Courses

  • Construction Technology 3
  • Construction Practice and Information Technology