STRATEGY FIRST INSTITUTE

၂၀၁၈ ဇူလိုင်။ သြဂုတ်လ တို့တွင် UK ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်မည်။

ဇွန်လတွင်အတန်းသစ်များစတင်ဖွင့်လှစ်မည်။

န်နိုင်ငံတွင် တက်ရောက်နိုင်သော နိုင်ငံတကာ MBA များတွင်
 အကောင်းဆုံးနှင့် ဂုဏ်သိက္ခာအကြီးမားဆုံး ဖြစ်သော UK နိုင်ငံ
 Heriot-Watt University, Edinburgh Business School

မြန်မာနိုင်ငံတွင်ပင် တက်ရောက်နိုင်ပြီး တကယ့်နိုင်ငံတကာ MBA

 အတွေ့အကြုံစစ်ကို ရရှိစေမည့် 

Stamford International University's (Thailand) Signature MBA

- Strategy First Institute ကျောင်းသား/သူများ MBA တက်ရောက်ရန်အတွက် ဒေါ်လာတစ်သောင်းကို တစ်နှစ် ၂ ကြိမ် ကံစမ်းမဲ Scholarship ချီးမြှင့်မည်။


- Strategy First Institute မှာ သင်တန်းများတက်ရောက်ခဲ့ဖူးသော ကျောင်းသား/သူများအတွက် MBA Scholarship ဆုများကို ကံစမ်းမဲ Scholarship ကို မဲဖောက်ပေးသွားမှာဖြစ်ပြီး တစ်နှစ်လျှင် (၂)

 ကြိမ် ပေးအပ် သွားမည်ဖြစ်သည်။ ယခုအကြိမ်ကို ပထမဦးဆုံး စမ်းသပ်ပြုလုပ်သွားမှာဖြစ်ပြီး ကျောင်းသားများ၏ စိတ်ဝင်စားမှုနှင့် ကံစမ်းမဲ၏ ထိရောက်မှုအပေါ်မူတည်ပြီး နောက်အကြိမ်များတွင် လည်း သင်တန်းကြေးကံစမ်းမဲများကို ထပ်မံစီစဉ်ပေးသွားမည်ဖြစ်သည်။


- လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေနဲ့ Strategy First Institute မှ ဖွင့်လှစ်ထားသော ၅၅ နာရီကြာ သင်တန်း ၂ ခုကို တက်ရောက်သင်ကြားဖူးသူ

ဖြစ်ပြီး ကျောင်းမှ ပေးအပ်ချီးမြှင့်ထားသော Certificate ရရှိထားသူ ဖြစ်ရပါမည်။


- ကံစမ်းမဲ Scholarship တွင် ဝင်ရောက်ကံစမ်းလိုသော ကျောင်းသား၊ ကျောင်းသူများသည် MBA Tuition Fees Lucky Draw Form ကို ဖြည့်စွက်ထားရမှာဖြစ်ပါတယ်။ 


- Form ကို http://svy.mk/2fKA33G သို့ သွားရောက်ဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။ ဖြည့်စွက်ထားသော Form များ မှန်ကန်မှု ရှိ/မရှိကို စစ်ဆေးသွားမည်ဖြစ်သည်။


- ကျောင်းသား၊ ကျောင်းသူအနေနဲ့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားပြီး IELTS 6.0 အနည်းဆုံး ရရှိထားရမည်ဖြစ်ပါသည်။ IELTS အမှတ် မရှိသေးသူများအနေဖြင့် Strategy First တွင် အင်္ဂလိပ်စာမေးပွဲကို အခမဲ့စစ်ပေးသွားမည်ဖြစ်သည်။


- အင်္ဂလိပ်စာ စာမေးပွဲကို နိုဝင်ဘာလ (၂၇) ရက်နေ့ နေ့လည် (၃) နာရီမှ (၅) နာရီတွင် လာရောက်ဖြေဆိုနိုင်မည်ဖြစ်သည်။ Form ဖြည့်ထားပြီး သတ်မှတ်ချက်ပြည့်မှီသူများကို အင်္ဂလိပ်စာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် email များပြန်လည် ပေးပို့သွားမည်ဖြစ်သည်။


- ကံစမ်းမဲတွင် MBA သင်တန်းအတွက် ဒေါ်လာ 10,000 ကို တစ်နှစ်လျှင် ၂ ကြိမ် (၆လတစ်ခါ) ကံစမ်းပေးသွားမည်ဖြစ်သည်။ ဒေါ်လာ 5000၊ ဒေါ်လာ 3000 နှင့် ဒေါ်လာ 1000 တန်ဆု (၅) ဆုကို    လည်း ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားမှု အရေအတွက် အပေါ်မူတည်ပြီး ကံစမ်းပေးသွားမည်ဖြစ်ပါသည်။ ဒေါ်လာ 10,000 ကံထူးသူသည် စပေါ်ငွေအဖြစ် သိန်း (၃ဝ) ကို ကျောင်းတွင် ပေးသွင်းထားရန်လိုအပ်ပြီး MBA သင်တန်း ပြီးဆုံးသွားသောအခါတွင် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ စပေါ်ငွေကို တစ်လလျှင် (၅) သိန်းဖြင့် ၆ လပေးသွင်းနိုင်မည်ဖြစ်သည်။


-Scholarship များမှာ Strategy First Institute ရှိ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ၀န်ထမ်း အဖွဲ့သားများရဲ့ပညာဒါနအလှူဖြစ်ပါသည်။

Strategy First Students and Alumni - MBA Tuition Fees ကံစမ်းမဲ Scholarship နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ဖုန်း 09250717166~68 (သို့) [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ပေးပို့ရမည့် စာရွက်စာတမ်းများ


၁။ Why I believe an MBA is more valuable than a car for me? (စာလုံးရေ ၇၀၀)
၂။ Why do you think you deserve the MBA Scholarship offered by Strategy First?

 (စာလုံးရေ ၇၀၀)
၃။ CV Form
၎။ ဘွဲ့လက်မှတ်မိတ္တူနှင့် အခြားအထောက်အကူပြုနိုင်မည့် စာရွက်စာတမ်းများ
၅။ငွေကြေးလိုအပ်ချက်ရှိသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ (Salary Slip သို့မဟုတ် 

    အထက်လူကြီးမှ ထောက်ခံစာ)
၆။ ပေးပို့ရမည့် စာရွက်စာတမ်းများကို [email protected] (သို့) လူကိုယ်တိုင်         လာရောက် လျှောက်ထားနိုင်ပါသည်။


Important Dates

24 May 2017- လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ ပေးပို့လျှောက်ထားရမည်။

2 June 2017- ဆန်ကာတင် (၅) ဦး စာရင်းကို ကြေညာမည်။
4 June 2017- ရွေးချယ်ရေးအဖွဲ့မှ ဆန်ကာတင် (၅) ဦးကို လူတွေ့စစ်ဆေးမည်။
5 June 2017- Scholarship ရရှိသူကို ကြေညာပေးမည်။

Prof. Dr. U Aung Tun Thet MBA Scholarship ချီးမြှင့်မည်။


Strategy First Institute မှနာယကကြီးတစ်ဦးဖြစ်သော ဆရာကြီးဒေါက်တာဦးအောင်ထွန်းသက်အား ဂုဏ်ပြုသောအားဖြင့် ဒေါ်လာ ၁ သောင်း MBA ပညာသင်ဆုကို Prof. Dr. U Aung Tun Thet MBA Scholarship အနေနဲ့ ရွေးချယ် ချီးမြှင့်ပေးသွားမှာဖြစ်ပါသည်။ငွေကြေးလိုအပ်ချက်ရှိသူများမှ ထူးချွန်သူကိုသာ ရွေးချယ်မည့် Need Based Scholarship အမျိုးအစားဖြစ်ပါသည်။ ပညာသင်ဆုလျှောက်ထားလိုသူများသည် ၂၀၁၇ ခုနှစ် မေလ (၂၄) ရက်နေ့ နောက်ဆုံးထားလျှေက် ထားရမှာဖြစ်ပါသည်။ Scholarship ရရှိသူသည် ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်မည့် MBA သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်သည်။


လျှောက်ထားလိုသူများသည် -

1. Why I believe an MBA is more valuable than a car for me?
2. Why do you think you deserve the MBA scholarship offered by Strategy First? (Financial Reasons - အထောက်အထားဖြင့် တင်ပြရန်။)
စတဲ့ခေါင်းစဉ်နှစ်ခုကို စာလုံးရေ (၇၀၀) စီ ရေးသားလျှောက်ထားရပါမည်။

ခေါင်းစဉ် (၁) ကတော့ ဆန်ခါတင် ရွေးချယ်ခံရဖို့ အတွက် (၆၀) ရာခိုင်နှုန်း သက်ရောက်မှုရှိမည်  ဖြစ်ပြီး ခေါင်းစဉ် (၂) ကတော့ (၄၀) ရာခိုင်နှုန်း သက်ရောက်မှု ရှိမည်ဖြစ်သည်

____________________

သတ်မှတ်ချက်များ


၁။ ဘွဲ့တစ်ခုခုရရှိထားပြီး လုပ်သက်အနည်းဆုံး (၃) နှစ်ရှိရပါမယ်။
၂။ MBA ဘွဲ့ရထားပြီးသူများမဖြစ်စေရ။
၃။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိပြီး IELTS 6.0 အနည်းဆုံး ရရှိထားသူဖြစ်ရပါမယ်။ IELTS မဖြေဆိုရသေးလျှင်လည်း ဆန်ကာတင် အရွေးခံရပါက ကျောင်းမှာ စစ်ဆေးပေးမှာဖြစ်ပါတယ်။

Terms and Conditions


၁။ မြန်မာနိုင်ငံသားဖြစ်ရမည်။

၂။ ပညာသင်ဆုကို လုံးဝလွဲပြောင်းခွင့်မရှိပါ။

၃။ ငွေသားဖြင့် တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော်လည်းကောင်းလဲလှယ်ခွင့်မရှိပါ။ ငွေပြန်အမ်း ခြင်းရှိမည်မဟုတ်ပါ။

၎။ ပညာသင်ဆုကို Strategy First မှ MBA သင်တန်းအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသင်တန်းများ တွင် အသုံးပြုခွင့်မရှိပါ။

၅။ Stamford Signature MBA အတွက် သင်တန်းကြေးထပ်မံပေးသွင်းစရာ မလိုတော့ဘဲ Edinburgh Business School MBA ကို ရွေးချယ်တက်ရောက်လိုပါက ကျန်ရှိသော သင်တန်းကြေးကို ထပ်မံ      ပေးသွင်းရပါမည်။ နိုင်ငံတကာ လေ့လာရေးခရီးများကို မိမိသဘောဖြင့်လိုက်ပါလိုလျှင် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကျခံရ ဖြစ်သည်။

၆။ ပညာသင်ဆုရသူသည် ကျောင်းမှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး စံပြကျောင်းသား/သူ အဖြစ် သတ်မှတ်ချိန်အတွင်း MBA ပြီးဆုံးအောင် တက်ရပါမည်။

၇။ စာမေးပွဲ ကျရှုံးခြင်းများရှိပါက မိမိကိုယ်ပိုင်ငွေဖြင့် ထပ်မံ ပေးဆောင်ရပါမည်။

၈။ ဆန်ကာတင် ၅ ဦးကို Strategy First တွင် နှစ်သက်ရာ သင်တန်းများတက်နိုင်ရန် ၅ သိန်းကျပ် တန်ဖိုးရှိ ပညာသင်ဆုတစ်ဆုစီ ချီးမြှင့်မည် ဖြစ်သည်။

၉။ ပညာသင်ဆုမရရှိသူများသည် နောင်အခွင့်အရေးရှိသောအခါ ထပ်မံလျှောက် ထားနိုင်ပါသည်။

၁ဝ။ ပညာသင်ဆုရရှိသူသည် နိုင်ငံတိုးတက်မှုအတွက် အကျိုးရှိစေသော လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး လိုအပ်သူများကို ဆက်လက်ကူညီမည်ဟု ဆန္ဒပြုရပါမည်။

________________

လျှောက်ထားသူများထဲမှ ဆန်ကာတင်ရွေးချယ်ခံရသူ (၅) ဦးကို နာယကဆရာကြီး၊ ဆရာမကြီးများမှ လူတွေ့မေးမြန်းစစ်ဆေးပြီး အသင့်တော်ဆုံးနှင့် အလိုအပ်ဆုံးကျောင်းသား တစ်ယောက်ကို ရွေး      ချယ်ပေးသွားမည် ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာဦးအောင်ထွန်းသက် ပညာသင်ဆုရွေးချယ်ခံရသူသည် ဒေါ်လာ ၁၀၀၀၀ ပညာသင်ဆုကို Strategy First Institute မှာ ဖွင့်လှစ်လျှက်ရှိတဲ့ UK နိုင်ငံမှ Edinburgh Business School (Heriot-Watt University) နှင့် ထိုင်းနိုင်ငံမှ Stamford International University တို့ရဲ့ MBA သင်တန်းတွေမှာ အသုံးပြုကာ တက်ရောက်နိုင်မည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် ဆရာမကြီး ဒေါက်တာဒေါ်လှမြင့် MBA Scholarship ကို ကိုလူဂျီးနို နှင့် ဆရာမကြီး ဒေါက်တာဒေါ်ခင်အုန်းသန့် MBA Scholarship ကို ကိုညီညီနိုင်မှ ရရှိခဲ့ပါသည်။ပညာသင်ဆုများလျှောက်ထားရန် အသေးစိတ်အချက်အလက်များကို Strategy First Institute တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Heriot-Watt University, Edinburgh Business School UK, Scotland ရှိ Heriot-Watt University ကို ၁၈၂၁ တွင်တည်ထောင်ခဲ့ပြီး ယူကေတွင် န၀မမြောက် သက်တမ်းအရှည်ကြာဆုံး အဆင့်မြင့်ပညာ အဖွဲ့အစည်းဖြစ်ပါသည်။ Guardian 2017 ranking အရ ယူကေ အဆင့် ၂၇ ရှိပြီး QS World's Ranking အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် အဆင့် ၃၂၇ ရရှိထားပါသည်။


Heriot-Watt University ၏ MBA Program အသေးစိတ်ကို https://web.facebook.com/StrategyFirstInstitute/posts/10154487675921084


Stamford International University သည် ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက တက္ကသိုလ်အဖွဲ့ကြီးဖြစ်သော Laureate Universities Network ၏ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာတက္ကသိုလ် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ Stamford International University မှ Signature MBA ကို ဘန်ကောက်တွင် သင်ကြားနေသည့်အတိုင်း နိုင်ငံတကာဆရာ/ဆရာမများက ရန်ကုန်မြို့တွင် လာရောက်သင်ကြားကြမည်ဖြစ်ပါသည်။


Stamford International University မှ Signature MBA Program အသေးစိတ်ကို https://web.facebook.com/StrategyFirstInstitute/posts/10154453758091084

----------------------------

Strategy First တွင် တက်ရောက်နေသော၊ တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် ဒေါ်လာ (၁၀၀၀၀) ပညာသင်ဆုကို တစ်နှစ်လျှင် နှစ်ကြိမ်ကံစမ်းမဲဖောက်ပြီး ချီးမြင့်ပေးသွားမည်ဖြစ်သည်။ စိတ်ဝင်စားသူများလျှောက်ထားနိုင်ရန်အတွက် အောက်ပါ link တွင် Scholarship Lucky Draw ဖောင်များဖြည့်စွက်ကံစမ်းနိုင်ပါသည်။ http://svy.mk/2fKA33G

မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ ၀န်ထမ်းများကို ၀န်ဆောင်မှုမပေးပါ။

အသေးစိတ်ကို ဖုန်း ၀၉၄၅၀၁၇၇၇၇၀ သို့ [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။