STRATEGY FIRST INSTITUTE

၂၀၁၈ ဇူလိုင်။ သြဂုတ်လ တို့တွင် UK ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်မည်။

UKနိုင်ငံရှိတက္ကသိုလ်များ၏ စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဘွဲ့ရယူရန်

NCC ဆိုသည်မှာ နိုင်ငံပေါင်း (၅၀) ကျော်ကို British Education ရရှိနိုင်ရန်ဆောင်ရွက်ပေးသော Awarding Organization ဖြစ်ပါသည်။ လက်ရှိမြန်မာပြည်မှာ အဆင့်အမြင့်ဆုံးသော UK Education Programme ဖြစ်သည်။ တခြား diploma များနှင့် မတူသော အချက်ကတော့ ဖြေဆိုရတဲ့ exam များ assignment များကို ပြည်တွင်းမှမဟုတ်ဘဲ UK မှ တိုက်ရိုက် assess လုပ်ခြင်းဖြစ်ပါသည်။ NCC ရဲ့ Qualifications တွေဟာဆိုရင် နိုင်ငံတကာ တက္ကသိုလ်များ၊ လုပ်ငန်းရှင်များအသိအမှတ်ပြုထားပါသည်။
Level 4 Diploma in Business IT တက်ရောက်ရန်အတွက် Foundation (၂) လ ဦးစွာတက်ရောက်ရမည်။ လက်တွေ့လုပ်ငန်းခွင်အတွက် အရေးကြီးသော စီးပွားရေးဘာသာရပ်များသာမက သတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ် (၈) ခု ကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်သည်။

Level 4 Diploma in Business IT သင်တန်းပြီးဆုံးအောင်မြင်ပြီးပါက UK တက္ကသိုလ် ဒုတိနှစ် နှင့် ညီမျှသော Level 5 Diploma in Business IT (1 year) သို့ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး နောက်ဆုံးနှစ်ကို NCC နှင့်ချိတ်ဆက်ထားသော UK နှင့် အခြားနိုင်ငံတကာတက္ကသိုလ်များတွင် တက်ရောက်ပြီး B.Sc (Hons) Business IT ဘွဲ့ကိုရယူနိုင်ပါမည်။ ပြည်တွင်းတွင်လည်း ဘွဲ့ရသည်အထိ ကုန်ကျစရိတ်သက်သာစွာဖြင့် တက်ရောက်နိုင်မည့် အခွင့်အလမ်းများရှိသည်။
သင်တန်းကြေးနှင့် Scholarship များ
ပထမနှစ်အတွက် သင်တန်းကြေး - ၃,၅၇၅,၀၀၀ ကျပ် | စာမေးပွဲကြေး - ပေါင် ၃၂၀
ဒုတိယနှစ်အတွက် သင်တန်းကြေး - ၃,၈၇၅,၀၀၀ ကျပ် | စာမေးပွဲကြေး - ပေါင် ၃၈၀
ဂုဏ်ထူးရဘာသာရပ် အရေအတွက်အလိုက် Scholarship သတ်မှတ်ပြီး သင်တန်းကြေးများ လျှော့ပေးသွားပါမည်။ (စာမေးပွဲကြေးမပါဝင်ပါ။)
အင်္ဂလိပ်စာ အမှတ် ၆၀ အထက် - ၂သိန်း ကျပ်
အင်္ဂလိပ်စာ ဂုဏ်ထူးရလျှင် - ၄သိန်း ကျပ်
ဂုဏ်ထူး ၁ ဘာသာ - ၂ သိန်း ကျပ်
ဂုဏ်ထူး ၂ ဘာသာ - ၄ သိန်း ကျပ်
ဂုဏ်ထူး ၃ ဘာသာ - ၆ သိန်း ကျပ်
ဂုဏ်ထူး ၄ ဘာသာ - ၈ သိန်း ကျပ်
ဂုဏ်ထူး ၅ ဘာသာ - ၁,၅ သိန်း ကျပ်
ဂုဏ်ထူး ၆ ဘာသာ - သိန်း ၂၀
စသည်ဖြင့် scholarship discount များပေးအပ်သွာမည် ဖြစ်သည်။
ဝင်ခွင့်သတ်မှတ်ချက်များ -
တက္ကသိုလ်ဝင်တန်း (သို့) IGCSE အောင်မြင်ပြီးသူဖြစ်ရမည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ အမှတ် (၆၀) မပြည့်ပါက IELTS band (5.5) ကို ရရှိအောင် ဖြေဆိုရမည်။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများကိုသာ လက်ခံပေးသွားမည်ဖြစ်သည်။