STRATEGY FIRST INSTITUTE

၂၀၁၈ ဇူလိုင်။ သြဂုတ်လ တို့တွင် UK ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်မည်။

ဝင်ခွင့်သတ်မှတ်ချက်

NCC Level-5  ပျမ်းမျှအမှတ် (၅၀) မှတ်ဖြင့်အောင် မြင်ပြီးသူ ဖြစ်ရမည်။ (သို့) Higher National Diploma in Business ကို ပျမ်းမျှ အမှတ်(၅၀) မှတ်ဖြင့်အောင်မြင်ပြီးသူ ဖြစ်ရမည်။
- IELTS (6.0) အထက် ရရှိထားရမည်။
- Reading (6.0)
- Writing (6.0)
- Listening (5.5)
- Speaking (5.5)

 BA (Hons) Business & Management ( Final Year )

၂၀၁၈ စက်တင်ဘာလတွင် အတန်းသစ်စမည်။

Oxford Brookes University သည် နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိ အင်္ဂလန်၊ အောက်စဖို့မြို့ အခြေစိုက် ဝါရင့်တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး သင်ကြားမှုပိုင်းနှင့် သုတေသန ဆောင်ရွက်မှုပိုင်းတွင်မှာသာမက နိုင်ငံတကာတွင်လည်း နာမည်ကောင်းစာရင်း ဝင်တက္ကသိုလ်တစ်ခုဖြစ်ပါသည်။


နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် စီးပွား  ရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန်အတွက် ပြင်ဆင်ပေးမည့်ဘွဲ့ ကြိုသင်တန်း တစ်ခုဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း (သို့) IGCSE အောင်မြင်ပြီးသူများအနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပါက တိုက်ရိုက် တက်  ရောက်နိုင်မည်ဖြစ်သည်။


ဘွဲ့ရရှိရန်အတွက် သုံးနှစ်မှ လေးနှစ် အထိတက်ရောက်ရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်များအ   နေဖြင့် UK တက္ကသိုလ်များ၏ ပထမနှစ်နှင့် ညီမျှသော NCC Level 4 Diploma in Business (L4DB) ကို ဦးစွာတက်ရောက်ရမည်ဖြစ်သည်။ ပထမနှစ်အပြီးတွင် UK တက္ကသိုလ်များ၏ ဒုတိယနှစ်နှင့် ညီမျှသော NCC Level 5 Diploma in Business (L5DB) ကိုတက်ရောက်ရမည်ဖြစ်သည်။ ဒုတိယနှစ်ပြီးဆုံးသွားသောအခါ နောက်ဆုံးနှစ်ကို UK နိုင်ငံရှိ Oxford Brookes University တွင် သွားရောက်တက်ရောက်နိုင်သလို မြန်မာ နိုင်ငံတွင်လည်း ကုန်ကျစရိတ်သက်သာစွာဖြင့် Strategy First တွင်တက်ရောက်နိုင်မည်ဖြစ်သည်။


UK တွင် စီးပွားရေးပညာဘွဲ့ကို သွားရောက်သင်ယူပါကနေထိုင်၊ စားသောက်စရိတ်မပါဘဲ ကျောင်းစရိတ် သည် (၃) နှစ်စာအတွက် ကျပ်သိန်း (၇၀ဝ) ကျော် ကျသင့် မည်ဖြစ်သည်။ Strategy First Institute နှင့် Oxford Brookes University တို့ ပူးပေါင်းဖွင့်လှစ်မည့်သင်တန်းကို မြန်မာနိုင်ငံတွင် ဘွဲ့ရသည်အထိ တက်  ရောက်ပါက (၃) နှစ်စာအတွက် ကျပ်သိန်း (၁၆၀) ဝန်းကျင်သာ ကျသင့်မည်ဖြစ်သည်။


တက္ကသိုလ်ဝင်တန်းအောင်များကို အမှတ်သတ်မှတ်ချက်မရှိဘဲ ဝင်ခွင့်လက်ခံပေးသော်လည်း ဘွဲ့ရရှိရန် အတွက် ကျောင်းသားဘက်မှ ကြိုးစားအားထုတ်မှုများစွာ လိုအပ်မည် ဖြစ်ပါသည်။

Scholarship Programmes

သင်တန်းကြေးများကို AYA Bank ၏ Credit Card ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Credit Card ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကိုလည်း လျှော့ပေးသွားမည်ဖြစ်သည်။


သင်တန်းကြေးများကို AYA Bank ၏ Education loan ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Education loan ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကို လည်း လျှော့ပေးသွားမည်ဖြစ်သည်။


AYA Education Loan ဖြင့် သင်တန်းကြေးပေးသွင်းပါက ကနဦးအနေဖြင့် ၅၃၆၀၀၀ ကျပ်ကို ပေးသွင်းရမည်ဖြစ်ပြီး တစ်လလျှင် ၁၉၂၀၀၀ ကျပ်ဖြင့် ၁၂ လတိတိ ပေးသွင်းရမည်ဖြစ်သည်။